မန်ယူ [3 - 0] ဝက်(စ်)ဟမ်း
33' [1 - 0] ရွန်နီ
50' [2 - 0] နာနီ
69' [3 - 0] ဘာဘာတော့ဗ်
Saturday, August 28, 2010
မန်ယူနှင့် ဝက်(စ်)ဟမ်း
Posted by zephyr at 10:18 PM 0 comments
Labels: Highlights
Sunday, August 22, 2010
ဗီလိန် ကနေ ဟီးရိုး ဖြစ်သွားတဲ့ ဟန်ဂီလန်းနဲ့ အမုန်းစာရင်း ၀င်သွားတဲ့ နာနီ~ ဖူလ်ဟမ် ၂-၂ မန်ယူ
သဂုတ် ၂၂ ရက်နေ့ ညက ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဖူလ်ဟမ်နှင့် မန်ယူတို့ (၂-၂) ဂိုးစီ သရေကျ သွားခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် မန်ယူ အသင်းသည် ပေါလ်စခိုး၏ ၁၁ မိနစ် သွင်းဂိုးဖြင့် ပထမပိုင်း တစ်ပိုင်းလုံး ဦးဆောင် နိုင်ခဲ့သော်လည်း ပွဲချိန် ၅၇ မိနစ်တွင် ဒါးဗီးစ်၏ ချေပဂိုးကြောင့် သရေကျ နေခဲ့သည်။ ၈၄ မိနစ်တွင် ဖူလ်ဟမ် နောက်ခံလူ ဟန်ဂီလန်းက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သဖြင့် မန်ယူတို့ နောက်တစ်ကြိမ် ဦးဆောင်ခွင့် ရခဲ့ပြန် သော်လည်း မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပိုတွင် ဖူလ်ဟမ်မှ ဟန်ဂီလန်း ကပင် ချေပဂိုး ထပ်သွင်းခဲ့ ပြန်သဖြင့် (၂-၂)ဂိုး သရေကျ သွားခဲ့ခြင်း ဖြစ်သည်။ မန်ယူတို့ ၈၇ မိနစ်တွင် ပယ်နယ်တီ ကန်သွင်းခွင့် တစ်ကြိမ် ရခဲ့သော်လည်း နာနီ၏ ကန်ချက်ကို ဖူလ်ဟမ် ဂိုးသမား စတော့ဒေးလ်က ကာကွယ်သွား နိုင်ခဲ့သည်။
ယင်းပွဲတွင် မန်ယူ အသင်းသည် ရွန်နေကို ထည့်သွင်း အသုံးပြုခြင်း မရှိဘဲ ဟာနန်ဒက်နှင့် ဘာဘာတော့ဗ် တိုက်စစ် အတွဲဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ ၁၁ မိနစ်တွင်ပင် ပေါလ်စခိုးက သူ၏ မန်ယူ ကစားသမား ဘ၀ ၁၅၀ ဂိုးမြောက် ဂိုးကို ဧရိယာ အပြင်ဘက်မှ အပြင်း ကန်သွင်းယူ ခဲ့သည်။ ဂိုးပေး လိုက်ရပြီး ချက်ချင်း ဆိုသလိုပင် ဖူလ်ဟမ် အသင်းဘက်မှ တရစပ် တိုက်စစ်ဆင် ခဲ့ပြီး ဇာမိုရာ၊ ဒါးဗီးစ်တို့ ကန်ချက်များ လွဲချော် ခဲ့၍သာ စောစောစီးစီး ချေပဂိုး ပြန်မရခြင်း ဖြစ်သည်။ မန်ယူမှ ဘာဘာတော့ဗ်၏ အပိုင် ကန်ချက် ကိုလည်း ဖူလ်ဟမ် ဂိုးသမား စတော့ဒေး ကာကွယ်နိုင် ခဲ့သည်။ ထို့နောက်တွင် နှစ်ဘက် စလုံး အပြန်အလှန် တိုက်စစ်ဆင်ရင်း ပထမပိုင်း ပြီးဆုံးခဲ့သည်။
ုဒုတိယပိုင်း ပွဲစပြီး ၅ မိနစ် အကြာတွင် ဗလင်စီယာ၏ ဖန်တီးမှုမှ တဆင့် ပေါလ်စခိုး ဂိုးသွင်းရန် ကြိုးပမ်းခဲ့ သော်လည်း လွဲချော်ခဲ့သည်။ ၅၇ မိနစ်တွင်မူ ဖူလ်ဟမ် တောင်ပံ ကစားသမား ဒပ်ဖ်က အီဗရာအား ကျော်ဖြတ်ကာ ဆွဲပြေးပြီး ဖန်တီးပေး လိုက်သည်မှ တဆင့် ဒါးဗီးစ်က ချေပဂိုးကို သွင်းယူပေး နိုင်ခဲ့သည်။ အနိုင်ဂိုး လိုအပ်နေသော မန်ယူ နည်းပြ ဖာဂူဆန်သည် နာနီ၊ ဂစ်၊ အိုဝင် တို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့သည်။ သို့သော် မန်ယူတို့ ဂိုးရရန် ခက်ခဲ နေသေးပြန်ပြီး မိနစ် ၉၀ ပြည့်ရန် ၆ မိနစ် အလိုတွင်မှ ထောင့်ကန်ဘောကို ဖြတ်ထုတ်သော ဟန်ဂီလန်း ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့် ဦးဆောင်ဂိုး ထပ်ရခဲ့သည်။ နောက်ထပ် ၃ မိနစ် အကြာတွင် ဒပ်ဖ် ပယ်နယ်တီ ဧရိယာ ထဲတွင် လက်ထိသွား သဖြင့် ပယ်နယ်တီ ပေးခဲ့ရသည်။ သို့သော် ယင်း ပယ်နယ်တီကို နာနီက ဂိုးသမား၏ ညာဘက်ထောင့် ကန်သွင်းရာ စတော့ဒေးက ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သည်။ မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပို တွင်မူ ကိုယ့်ဂိုးကိုယ် သွင်းမိသူ ဟန်ဂီလန်းက ဖူလ်ဟမ်တို့ အတွက် သရေ တစ်မှတ် ခွဲယူနိုင် စေမည့် အဖိုးတန် ချေပဂိုးကို ခေါင်းတိုက် သွင်းယူပေး သွားခဲ့သည်။
source: SoccerMyanmar
Posted by zephyr at 12:08 PM 0 comments
Labels: သတင်း
ဖူလ်ဟန်နှင့် မန်ယူ
ဖူလ်ဟန် [2 - 2] မန်ယူ
11' [0 - 1] ပေါလ်စခိုး
57' [1 - 1] ဒါးဗီးစ်
84' [1 - 2] ဟန်ဂီလန်း (o.g.)
90' [2 - 2] ဟန်ဂီလန်း
Posted by zephyr at 12:07 PM 0 comments
Labels: Highlights
Tuesday, August 17, 2010
စခိုးလ်နှင့် ဂစ်တို့မှာ ပွဲအဖြေကို ပြောင်းလဲ ပေးနိုင်သော ကစားသမား များဟု ဖာဂူဆန် ချီးကျူး
မန်ယူ နည်းပြ ဆာ အဲလက်စ် ဖာဂူဆန်က နယူး ကာဆယ်နှင့် ပွဲအပြီးတွင် ခြေစွမ်းပြ ကစားသွား ခဲ့သော မန်ယူ၏ ၀ါရင့် ကစားသမား နှစ်ဦးဖြစ်သည့် ပေါလ်စခိုးလ်နှင့် ရွိုင်ယန်ဂစ် တို့အား ချီးကျူး ပြောဆိုခဲ့သည်။
ဖာဂူဆန်က "စခိုးလ် နဲ့ ဂစ်တို့ဟာ ထူးချွန်တဲ့ ကစားသမား တွေပါ၊ တခြား ကစားသမား တွေကိုလည်း အနာဂတ်မှာ သူတို့လို ဖြစ်လာဖို့ မျှော်လင့်မိ ပါတယ်။ သူတို့ဟာ ပွဲတစ်ပွဲရဲ့ အဖြေကို ပြောင်းလဲ နိုင်တဲ့ ကစားသမား နှစ်ဦးပါ။ စခိုးလ်နဲ့ ဂစ်ဟာ အသက် အရွယ်ပိုင်း အရ ကြီးလာပေမယ့် အနိုင်ရလို စိတ်ကတော့ ထက်သန်နေတုန်းပါပဲ၊ ဒါဟာ အသင်းအတွက် အရမ်းကောင်းတဲ့ အချက်ပါ၊ ဂစ် သွင်းယူခဲ့တဲ့ ဂိုးဟာ အလွန်ကောင်းမွန်တဲ့ ဂိုး တစ်ဂိုးပါ " ဟုချီးကျူး ပြောကြားခဲ့သည်။
မန်ယူနှင့် နယူးကာဆယ် တို့၏ ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ယူ အသင်းက ၃ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ထိုရလဒ်ကြောင့် မန်ယူ အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၁ အပြီးတွင် ရမှတ် ၃မှတ်ဖြင့် ဂိုးကွာခြားချက် အရ စတုတ္ထ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ယင်းပွဲတွင် စခိုးလ်က ဂိုးတစ်ဂိုး ဖန်တီးပေး ခဲ့ပြီး ဂစ်က အနိုင်ဂိုး တစ်ဂိုး သွင်းယူပေး ခဲ့သည်။
Source: SoccerMyanmar
Posted by zephyr at 6:24 PM 0 comments
Labels: သတင်း
Monday, August 16, 2010
မန်ယူ နှင့် နယူးကာဆယ် Highlights Video Clips
မန်ယူ [3 - 0] နယူးကာဆယ်
33' [1 - 0] ဘာဘာတော့ပ်
41' [2 - 0] ဖလက်ချား
85' [3 - 0] ဂစ်
Posted by zephyr at 4:33 PM 0 comments
Labels: Highlights, Video Clip, ပရီမီးယားလစ်(ဂ်)
Thursday, August 12, 2010
ဒန်နီဝဲလ်ဘက် ဆန်းဒါးလန်းပြောင်း
Posted by zephyr at 5:50 PM 0 comments
Labels: သတင်း
Wednesday, August 11, 2010
လူငယ်နောက်တန်းကစားသမား ကဲ့ကတ် အသင်းပြောင်း
အသက် ၂၁ နှစ်အရွယ် လူငယ်နောက်တန်းကစားသမား ကရိတ်ကဲ့ကတ်သည် ယခုနှစ်မှ ပရီမီယားလိဂ်သို့ တက်လာသော ဘလက်ပူလ်းအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းသွားကြောင်းသိရသည်။ ကရိတ်ကဲ့ကတ်သည် ၂၀၀၅ ခုနှစ်တွင် မန်ယူငယ်အသင်းမှ ပရိုအသင်းသို့ စာချုပ်ချူပ်ခဲ့သည်။ ၂၀၀၆/၂၀၀၇ ရာသီတွင် ဂျင်မီမာဖီဟုခေါ်သော တစ်နှစ်အတွင်း အကောင်းဆုံးမန်ယူလူငယ်ဆုကို ရခဲ့သည်။ အသင်းကြီး၏ ရာသီအကြိုပွဲအချို့တွင် ပါဝင်ခဲ့သော်လဲ တကယ့်ပြိုင်ပွဲအစစ်များတွင်မပါဝင်ခဲ့ရပေ။ အငှားနေဖြင့်သာ ရော်ရယ်အန်းဝတ်၊ ပလိုင်းမောက်၊ နှင့် ဝတ်ဖို့(တ်) အသင်းများတွင်သာ ကစားခဲ့ရသည်။
Posted by zephyr at 8:06 PM 0 comments
Labels: သတင်း
သီရာကိုမန်နူရယ်ဒီယား(စ်)ကိုရယ်(ခေါ်) ဘီဘီ၏ ကစားကွက်အချို့
Youtube ကနေ Video Clip လေးတချို့တွေ့လို ပြန်တင်ပေးလိုက်ပါတယ်။
Posted by zephyr at 7:41 PM 0 comments
Labels: Video Clip
ရှေ့တန်းသမားအသစ်တစ်ဦးဖြင့် သရဲနီတို့ တိုက်စစ်အားဖြည့်
သီရာကိုမန်နူရယ်ဒီယား(စ်)ကိုရယ်(ခေါ်) ဘီဘီအား မန်ယူမှ ပေါ်တူဂီကလပ် ဝိတိုရိယဒီဂရူမားရပ်(စ်) ထံမှ ဝယ်ယူရန် သဘောတူပြီးဖြစ်ကြောင်း မန်ယူဝက်ဆိုဒ်ကနေ ကြေညာလိုက်ပါသည်။ ကစားသမားအနေဖြင့် ဤအပတ်အကုန်ပိုင်းတွင် ဆေးစစ်မည်ဟု ကြားသိရပါသည်။
Posted by zephyr at 7:37 PM 0 comments
Labels: သတင်း

